Posts

Showing posts from August, 2019

Network Topology

# # ___Network_Topology___ ## Network Topology အကြောင်းလေး Sharing ပြုလုပ်ပေးချင်ပါတယ်။ Network Topology ဆိုတာကတော့ မတူညီတဲ့ Devices အများကြီးကို ချိတ်ဆက်အသုံးပြုခြင်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ Network ချိတ်ဆက်တော့မယ်ဆိုရင် ချိတ်ဆက်နည်း (၂) နည်းပဲ ရှိပါတယ်။ (၁) Wire နဲ့ Network ချိတ်ဆက်မလား၊ (၂) Wireless နဲ့ Network ချိတ်ဆက်မလား ဆိုပြီး (၂)နည်းပဲ ရှိပါတယ်။ - Wire နဲ့ ချိတ်ဆက်ပြီး သုံးမယ်ဆိုရင်တော့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အသုံးများတဲ့ထဲက ပြောပြရမယ်ဆိုရင် - Bus Topology သုံးမလား - Ring Topology သုံးမလား - Mesh Topology သုံးမလား - Infrasturcture Topology သုံးမလား - Star Topology သုံးမလား စသည်တို့ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ - Wireless နဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ Wi-Fi လွင့်နိုင်တဲ့ ပစ္စည်းတွေကို ၀ယ်သုံးရမှာ ဖြစ်ပါတယ်။ (ဥပမာ။ Router, Laptop, phone စသည်တို့နှင့် အခြားအခြားသော Wi-Fi ပါတဲ့ Device တွေနဲ့ ချိတ်ဆက်ရမှာပဲ ဖြစ်ပါတယ်။ Wire နဲ့ Wireless တို့ကို အသုံးပြုပြီး ချိတ်ဆက်တဲ့ Video File လေးမှာ ကြည့်ရှု့နိုင်ပါတယ်ဗျ။ ကျေးဇူးတင်ပါတယ်။ # # ___Computer_Guru___ ## # # ...

Keyboard Function Key

Image
# # ___Keyboard_Function_Key__ ## # F1  = ပရိုဂရမ်အများစုကိုအသုံးပြုနေချိန် F1 ကိုနှိပ်ပါကထိုပရိုဂရမ်၏ Help Screen ပေါ်လာမည်ဖြစ်သည်။ # F2  = ဖိုင်တစ်ခုခု(သို့) Folder တစ်ခုခုကို Select ပြုလုပ်ပြီးနာမည်ပြောင်းရေးပေးရန်အသုံးပြုသည်။ # F3  = ပရိုဂရမ်တစ်ခုခုကိုအသုံးပြုနေစဉ်ထိုပရိုဂရမ်ထဲရှိတစ်ခုခုကိုရှာဖွေလိုပါက F3 နှိပ်ခြင်းဖြင့် Search Bar ကိုခေါ်နိုင်သည်။ # F4  = ကိုယ်ဖွင့်နေသည့်ပရိုဂရမ်ကိုချက်ချင်းပိတ်ဖို့ရန် F4 ကိုသုံးသည်။ # F5  = ကိုယ်ဖွင့်နေသည့် Program, Page, Document, နှင့် Window များကို refresh လုပ်ဖို့ရန် F5 ကိုသုံးသည်။ # F6  = Browser အသုံးပြုနေစဉ် Mouse pointer ကို Address bar တွင်ချက်ချင်းအရောက်ပို့ဖို့ရန် F6 ကိုသုံးသည်။ # F7  = MS Word တွင်စာလုံးပေါင်းအမှားနှင့် Grammer အမှားများကို F7 နှိပ်ပေးခြင်းဖြင့်ရှာဖွေပေးသလို Auto ပြင်ပေးသည်။ # F8  = ကျွန်ပျူတာစတင်ဖွင့်ချိန် Boot Window သို့ဝင်ရောက်လိုပါက F8 နှိပ်ပေးခြင်းဖြင့်ဝင်နိုင်သည်။ # F9  = ဒီ key ကို MS Office တွင်အသုံးများသည်။MS Word တွင် refresh လုပ်ဖို့ရန်နှင့် Outlook email...

Peer to Peer Network

Image
# # ___Peer_to_Peer_Network___ ## အားလုံးမင်္ဂလာပါ… ဒီနေ့တော့ Peer to Peer Network အကြောင်းလေးကို Knowledge Sharing ပြုလုပ်ပေးချင်ပါတယ်။ (Computer Network ကို စိတ်ဝင်စားပြီး ခုမှစလေ့လာမယ့် ညီငယ်၊ ညီမငယ်တွေ၊ မိတ်ဆွေတွေအတွက် ရည်ရွယ်ပါတယ်) Peer to Peer Network ဆိုတာဘာလဲ? Peer to Peer Network ဆိုတာကတော့ Server System မပါပဲ ချိတ်ဆက်တဲ့ Network ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Workgroup လို့လဲ ခေါ်ကြပါတယ်။ သူက ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင်တော့… (ဥပမာ = Computer ၂ လုံးကို Network ချိတ်လိုက်တယ်ဆိုပါစို့ Computer A ကနေ Computer B ကို လှမ်းချိတ်ရင် Computer A က Requestor ဖြစ်ပြီး၊ Computer B ကတော့ Provider ဖြစ်သွားပါတယ်။ ဒါပေမဲ့ Computer B ကလဲ Computer A ဆီကို လှမ်းချိတ်ချင်တဲ့အခါကျတော့ Computer B က Requestor ဖြစ်ပြီး၊ Computer A က Provider ဖြစ်သွားပြန်တယ်။ Peer to Peer Network ဆိုတာကတော့ အချိန်မရွေး Requestor လဲ ဖြစ်သွားနိုင်သလို Provider လဲ ဖြစ်သွားနိုင်တယ်။ Centralized Management (ဗဟိုထိန်းချုပ်မှုစနစ်)ဆိုတာ မရှိဘူး။ Centralized Management (ဗဟိုထိန်းချုပ်မှုစနစ်) မရှိတဲ့အတွက် Sercurity လဲမကောင်းသလို C...

About CCTV

Image
##__CCTV__## ဒီနေ့တော့ CCTV အကြောင်းလေးကို Knowlege Sharing ပြုလုပ်ပေးချင်ပါတယ်.... ##__အရင်ခေတ်မှာတော့ အမှန်တရားကို နတ်စောင့်တယ်လို့ ပြောကြတယ်။ ##__အခုခေတ်မှာတော့ အမှန်တရားကို CCTV စောင့်တယ်လို့ ညွန်းဆိုရမလို ဖြစ်နေပါပြီ။ လက်ရှိအချိန်မှာ နေရာတိုင်းကို CCTV တွေအသုံးပြုလာကြပါတယ်။ ဘာအတွက်အသုံးပြုကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ လုံခြုံရေးအတွက်အသုံးပြုကြပါတယ်။ လုံခြုံရေးဆိုတဲ့နေရာမှာ မိမိသားသမီးလုံခြုံရေး၊ မိမိအုံးအိမ်လုံခြုံရေး၊ မိမိဆိုင်လုံခြုံရေး၊ ၊မိမိကားလုံခြုံရေး၊ မိမိပစ္စည်းဥစ္စာလုံခြုံရေး၊ မိမိကုမ္ပဏီလုံခြုံရေး စသည်ဖြင့်ပေါ့။ ဒါပေမဲ့ CCTV ရဲ့ ကောင်းကျိုးက လုံခြုံရေးတစ်ခုတည်းတင် မဟုတ်ပါဘူး။ ဒီ့ထက်ပိုပါတယ်။ CCTV ဟာ မိမိဆိုင်မှာရှိတဲ့ ဆိုင်ဝန်ထမ်းတွေ၊ ကုမ္ပဏီမှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ မိမိလုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေကို စီမံခန့်ခွဲရာမှာလဲ အများကြီးအထောက်ကူပြုပါတယ်။ ဥပမာအားဖြင့် ၀န်ထမ်းများ၏ ရုံးတက်ရုံးဆင်းအချိန်များ အချိန်မှန်ကန်မှုရှိမရှိ၊ သတ်မှတ်ထား စည်းကမ်းများ လိုက်နာမှုရှိမရှိ၊ စသည်တို့ကို အကျိုးရှိရှိ အသုံးပြုလို့ရပါတယ်။ လက်ရှိမြို့ပြ၏ မီးပွိုင့်များတွင် CCTV များ...

IP Address Basic

##__IP_Address__## အားလုံးမင်္ဂလာပါ…. ဒီနေ့တော့ Computer Networking မှာ မသိမဖြစ် သိထားရမယ့် IP Address အခြေခံ အကြောင်းကို   Knowledge Sharing ပြုလုပ်ပေးချင်ပါတယ်။ IP Address မှာ TCP/IP Protocols IPv4 Address နဲ့ TCP/IP Protocols IPv6 Address ဆိုပြီး (၂)မျိုးရှိပါတယ်။ အခုပြောပြမှာကတော့ TCP/IP IPv4 Address အကြောင်းပဲ ဖြစ်ပါတယ်။ IPv4 Address မှာ IP Address Class ဆိုပြီး Class (5) ခု ရှိပါတယ်။ အဲထဲကမှ ကျနော်တို့အသုံးပြုလို့ရတာ Class A, Class B, Class C တို့ပဲဖြစ်ပါတယ်။ Octet 1 Octet 2 Octet 3 Octet 4 192 168 1 1 Class (A) = ရှေ့ဆုံး Octet က (၁ ကနေ ၁၂၆ အထိ) Subnet Mask 255.0.0.0 Class (B) = ရှေ့ဆုံး Octet က (၁၂၇ ကနေ ၁၉၁ အထိ) Subnet Mask 255.255.0.0 Class (C) = ရှေ့ဆုံး Octet က (၁၉၂ ကနေ ၂၂၃ အထိ) Subnet Mask 255.255.255.0 Class (D)   နဲ့ Class (E) လဲရှိပါတယ်။ ဒါပေမဲ့ အဲ (၂)ခုကိုတော့ အသုံးပြုခွင့်မရှိပါဘူး။ Class A လား၊ Class B လား၊ Class C လား အလွယ်ဆုံးခွဲခြားတာကတော့ IP Address ရဲ့ ရှေ့ဆုံး Octet ကိုပဲ ကြည့်ပါတယ်...

ICS (Internet Connection Sharing)

Image
##___Internet_Connection_Sharing_(ICS)___## အားလုံး မင်္ဂလာပါ…. ဒီနေ့တော့ (ICS) Internet Connection Sharing အကြောင်းလေး ကို မျှဝေပေးချင်ပါတယ်။ မိမိဖုန်းက Internet ကို အခြားတစ်ယောက်က Desktop (or) Laptop နဲ့ Internet အသုံးပြုလို့ရအောင် ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။ ##__ပထမနည်း။ မိမိဖုန်းကနေ USB Cable နဲ့ အခြား Computer ကို တိုက်ရိုက်ချိတ်ပြီး USB Tethering on ပေးလိုက်ရင် ရပါတယ်။ (ဒါပေမဲ့ အဲလို USB Cable နဲ့ တစ်ခါတစ်လေ ချိတ်လို့မရတာလဲ ဖြစ်တတ်ပါတယ်။) ##__ဒုတိယနည်း။ ကိုယ့်ဖုန်းကနေ Hotspot လွင့်ပြီး Internet Share ပေးလို့ရပါတယ်။ (ဒါပေမဲ့ အခြား Computer မှာ Wi-Fi ကဒ်မပါလို့ Wi-Fi ချိတ်လို့မရဘူးတာတွေ ဖြစ်တတ်ပါတယ်။) ##__တတိယနည်း။ Network Cable ကို အသုံးပြုပြီး Internet Sharing ပြုလုပ်ပေးလို့ရပါတယ်။ ##__အခု မျှဝေပေးမဲ့အကြောင်းအရာကတော့ တတိယနည်းဖြစ်တဲ့ Network Cable နဲ့ Internet Sharing ပြုလုပ်တဲ့နည်းလေးပဲ ဖြစ်ပါတယ်။ ရုံးတွေမှာတော့ တော်တော်အသုံးများပါတယ်။ (Network Engineering (NE) သင်ခန်းစာတွေမှာ ပါပါတယ်) စလိုက်ရအောင်…. 1) Network Cable ဖြင့် မိမိ Laptop နဲ့ အခြား Computer ကို Netw...