ICS (Internet Connection Sharing)
##___Internet_Connection_Sharing_(ICS)___##
အားလုံး မင်္ဂလာပါ….
ဒီနေ့တော့
(ICS) Internet Connection Sharing အကြောင်းလေး ကို မျှဝေပေးချင်ပါတယ်။
မိမိဖုန်းက
Internet ကို အခြားတစ်ယောက်က Desktop (or) Laptop နဲ့ Internet အသုံးပြုလို့ရအောင်
ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။
##__ပထမနည်း။
မိမိဖုန်းကနေ USB Cable နဲ့ အခြား Computer ကို တိုက်ရိုက်ချိတ်ပြီး USB Tethering
on ပေးလိုက်ရင် ရပါတယ်။ (ဒါပေမဲ့ အဲလို USB Cable နဲ့ တစ်ခါတစ်လေ ချိတ်လို့မရတာလဲ ဖြစ်တတ်ပါတယ်။)
##__ဒုတိယနည်း။
ကိုယ့်ဖုန်းကနေ Hotspot လွင့်ပြီး Internet Share ပေးလို့ရပါတယ်။ (ဒါပေမဲ့ အခြား
Computer မှာ Wi-Fi ကဒ်မပါလို့ Wi-Fi ချိတ်လို့မရဘူးတာတွေ ဖြစ်တတ်ပါတယ်။)
##__တတိယနည်း။
Network Cable ကို အသုံးပြုပြီး Internet Sharing ပြုလုပ်ပေးလို့ရပါတယ်။
##__အခု မျှဝေပေးမဲ့အကြောင်းအရာကတော့
တတိယနည်းဖြစ်တဲ့ Network Cable နဲ့ Internet Sharing ပြုလုပ်တဲ့နည်းလေးပဲ ဖြစ်ပါတယ်။
ရုံးတွေမှာတော့
တော်တော်အသုံးများပါတယ်။ (Network Engineering (NE) သင်ခန်းစာတွေမှာ ပါပါတယ်)
စလိုက်ရအောင်….
1)
Network Cable ဖြင့် မိမိ Laptop နဲ့ အခြား Computer ကို Network ချိတ်ထားပါ။
2) မိမိဖုန်းကနေ
Hotspot ထောင်ပြီး Wi-Fi လွင့်လိုက်ပါ။
3) ဖုန်းနဲ့
Share ထားတဲ့ Wi-Fi ကို မိမိ Laptop နဲ့ ချိတ်လိုက်ပါ။
4)
Windows Key + R ကိုနှိုပ်ပြီး ncpa.cpl လို့ရိုက်ထည့်ကာ Enter ခေါက်ပါ။ ချိတ်လိုက်
Wi-Fi ကဒ်ပေါ်လာပါမယ်။ (USB ကြိုးနဲ့ ချိတ်တာဆိုရင်တော့ တစ်ချို့စက်တွေမှာ Local
Area Connection ဆိုပြီး ပေါ်တတ်ပါတယ်)
6) ပေါ်လာတဲ့
Wi-Fi နာမည်ကို Right Click ထောက်ပြီး Properties ကိုနှိုပ်ပါ။
7) Sharing
ကို ရွေးပြီး Allow ဆိုတဲ့ Check box လေး ၂ ခုလုံးကို အမှန်ခြစ်ပေးပြီး OK နှိုပ်လိုက်ပါ။
တစ်မိနစ်လောက်စောင့်
မိမိ Laptop နဲ့ Network ချိတ်ထားတဲ့ Computer ဟာ Internet အသုံးပြုလို့ရလာပါလိမ့်မယ်။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
Computer
Guru Page ကနေ တင်သမျှ Post တွေကို အမြဲတမ်း ရရှိနေစေဖို့ See First လေး လုပ်ထားနိုင်ပါတယ်။
##___Computer_Guru___##
##___Knowledge_Sharing___##
Comments
Post a Comment