Network ခေါင်းညှပ်နည်း

##___Network_ခေါင်းညှပ်နည်း___##
အားလုံးမင်္ဂလာပါဗျ.....ဒီနေ့တော့ Network ခေါင်းညှပ်နည်းကို မျှဝေပေးချင်ပါတယ်….
Network ခေါင်းညှပ်တော့မယ်ဆိုရင် Creaming Tool ရှိမှ ရပါမယ်….
Network Cable မှာ Cat5 Cable, Cat5e Cable, Cat6 Cable, Cat6e Cable စသည်တို့ အသီးသီးရှိပါတယ်။
Cat5 Cable ကို Indoor (အခန်းအတွင်းပိုင်း) တွေမှာ အသုံးများပါတယ်။
Cat6 Cable ကို အခုနောက်ပိုင်းမှာတော့ Indoor (အခန်းအတွင်းပိုင်း) ကော၊ Outdoor (အခန်းအပြင်ပိုင်း)ကော အသုံးများပါတယ်။ ဘာလို့လဲဆိုတော့ Network Speed လဲ ကွာသလို Cable ရဲ့ ကြံ့ခိုင်မှုလဲ ကောင်းပါတယ်။
Network Cable မှာ Cat5 တွေ Cat6 တွေ ရှိသလို Network ခေါင်းမှာလဲ Cat5 ခေါင်း၊ Cat6 ခေါင်းဆိုပြီး ရှိပါတယ်။
Network ခေါင်းက ကော်နဲ့ လုပ်ထားတာ ရှိသလို၊ စတီးနဲ့ ပြုလုပ်ထားတာတွေလဲ ရှိပါတယ်။ ဈေးနှုန်းလဲ အစားစားရှိပါတယ်။
ကျနော်တို့ Network Engineering (NE) သင်တန်းတက်တုန်းကဆိုရင် တစ်ခေါင်းကို (50 ကျပ်)တန် Network ခေါင်းတွေနဲ့ လေ့ကျင့်ပါတယ်။ (၂)ခါ (၃)ခါလောက် ညှပ်ဖူးသွားရင် လုပ်တတ်ပါပြီ။ သိပ်တော့မခက်လှပါဘူး။
အခုမှ စပြီး Network ခေါင်းညှပ်နည်းကို လေ့လာမယ်ဆိုရင်တော့ Cat5 Cable နဲ့ Cat5 ခေါင်းနဲ့ စပြီး လေ့ကျင့်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Cat6 Cable က ကြိုးပိုကြီးသလို ပိုလဲမာပါတယ်။ ကြိုးရဲ့ အလယ်မှာ ကော်ချောင်းလေးတွေ ပါပါတယ်။ ညှပ်ရတာ ပိုပြီးအားထည့်ရသလို ပိုလည်းခက်ပါတယ်။
ကဲ….Network ခေါင်း စညှပ်ကြည့်လိုက်ရအောင်…..
ပထမဆုံး Network ကြိုးရဲ့ထိပ်မှာ တစ်လက်မခွဲလောက်က စပြီး ကြိုးရဲ့ အပြင်က ကော်အခွံကို Creaming Tool နဲ့ ဖယ်ထုတ်လိုက်ရပါတယ်။ ဖယ်ထုတ်ပြီးသွားရင် အတွင်းမှာ ၀ါယာကြိုး (၈)ကြိုးရှိပါတယ်။ အဲဒီ့ (၈)ကြိုးကို အသုံးပြုမယ့် Type အလိုက် မှန်အောင် စီပေးရပါတယ်။
Network ခေါင်းညှပ်နည်းမှာ Type A နဲ့ Type B ဆိုပြီး (၂)မျိုး ရှိပါတယ်။
Type A – Type A အချင်းချင်းချိတ်ရင် Straight လို့ ခေါ်ပါတယ်။
Type B – Type B အချင်းချင်းချိတ်ရင်လဲ Straight လို့ ခေါ်ပါတယ်။
Type A- Type B ချိတ်မယ်ဆိုရင်တော့ Cross လို့ ခေါ်ပါတယ်။
Type A -
၁။ ဖြူစိမ်း
၂။ စိမ်း
၃။ ဖြူမော်
၎။ ပြာ
၅။ ဖြူပြာ
၆။ မော်
၇။ ဖြူညို
၈။ ညို

Type B - 
၁။ ဖြူမော်
၂။ မော်
၃။ ဖြူစိမ်း
၎။ ပြာ
၅။ ဖြူပြာ
၆။ စိမ်း
၇။ ဖြူညို
၈။ ညို
TypeA နဲ့ Type B ကြိုက်တာ သုံးလို့ရပါတယ်။ ကျနော်ပြောထားတဲ့ နံပါတ်စဉ်အလိုက် စီပြီး Network Cable ခေါင်းထဲကို ကြိုးထိုးထည့်လိုက်ပြီး Creaming Tool နဲ့ ညှပ်လိုက်ရုံပါပဲ။
Network Cable ခေါင်းထဲကို ကြိုးထိုးထည့်တဲ့အခါမှာ ခေါင်းမှာပါတဲ့ ကလစ်လေးကို အောက်ဖက်ထားပြီး ကြိုးထည့်ပေးရပါမယ်။
အရင်တုန်းကဆိုရင်တော့ ကွန်ပျူတာ (၂)လုံး Network ချိတ်မယ်ဆိုရင် တစ်ဖက်မှာ TypeA သုံးရင် တစ်ဖက်မှာ TypeB သုံးမှ Network ချိတ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးစားတူ Network ချိတ်ရင် Cross နဲ့ ချိတ်ပေးရပါတယ်။ ဥပမာ။ ကွန်ပျူတာအချင်းချင်းချိတ်ရင် အမျိုးစားတူတယ်၊ Switch အချင်းချင်း ချိတ်ရင် အမျိုးအစားတူတယ်၊ Router အချင်းချင်းချိတ်ရင် အမျိုးအစားတူတယ် စသဖြင့်ပေါ့။
ကွန်ပျူတာနဲ့ Router နဲ့ အမျိုးအစား မတူပါ။ ဒါဆိုရင် Straight Cable သုံးရပါတယ်။ Straight Cable ဆိုတာက Type A သုံးမယ်ဆိုရင် Network Cable ခေါင်းနှစ်ဖက်လုံးမှာ Type A ဖြစ်ရပါမယ်။ TypeB သုံးမယ်ဆိုရင်လဲ နှစ်ဖက်လုံးမှာ TypeB ဖြစ်ရပါမယ်။
ဒါဆိုရင် သဘောတရားတော့ နားလည်လောက်မယ်ထင်ပါတယ်။
Type A, TypeB အလွတ်ရအောင် ကျက်နည်း။ တစ်ချို့ဆိုရင် အင်္ဂလိပ်လို မှတ်ကြပါတယ်။ မြန်မာလိုပဲ ကျနော် မျှဝေလိုက်မယ်နော်….
##__TypeA = ဖြူစိမ်း-စိမ်း၊ ဖြူမော်-ပြာ၊ ဖြူပြာ-မော်၊ ဖြူညို-ညို
##__TypeB = ဖြူမော်-မော်၊ ဖြူစိမ်း-ပြာ၊ ဖြူပြာ-စိမ်း၊ ဖြူညို-ညို
အဆင်ပြေမယ်လို့ထင်ပါတယ်ဗျ….
စာကို ဆုံးအောင်ဖတ်ပြီး အားပေးတဲ့အတွက် အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျ။..
👍👍👍Like & Share လေးလဲ အားပေးခဲ့ပါအုံးနော်….ဆက်လက်ကြိုးစားပါအုံးမည်။….
##___Computer_Guru____##
##___Knowledge_Sharing___##
##___(6-Sep-2019)____##

Comments

Popular posts from this blog

#Windows License ဟုတ်မဟုတ် စစ်နည်း

Phishing Mail အကြောင်း

Check Computer Properties