About CCTV


##__CCTV__##
ဒီနေ့တော့ CCTV အကြောင်းလေးကို Knowlege Sharing ပြုလုပ်ပေးချင်ပါတယ်....
##__အရင်ခေတ်မှာတော့ အမှန်တရားကို နတ်စောင့်တယ်လို့ ပြောကြတယ်။
##__အခုခေတ်မှာတော့ အမှန်တရားကို CCTV စောင့်တယ်လို့ ညွန်းဆိုရမလို ဖြစ်နေပါပြီ။
လက်ရှိအချိန်မှာ နေရာတိုင်းကို CCTV တွေအသုံးပြုလာကြပါတယ်။
ဘာအတွက်အသုံးပြုကြတာလဲ။
အဖြေကတော့ ရှင်းပါတယ်။ လုံခြုံရေးအတွက်အသုံးပြုကြပါတယ်။ လုံခြုံရေးဆိုတဲ့နေရာမှာ မိမိသားသမီးလုံခြုံရေး၊ မိမိအုံးအိမ်လုံခြုံရေး၊ မိမိဆိုင်လုံခြုံရေး၊ ၊မိမိကားလုံခြုံရေး၊ မိမိပစ္စည်းဥစ္စာလုံခြုံရေး၊ မိမိကုမ္ပဏီလုံခြုံရေး စသည်ဖြင့်ပေါ့။
ဒါပေမဲ့ CCTV ရဲ့ ကောင်းကျိုးက လုံခြုံရေးတစ်ခုတည်းတင် မဟုတ်ပါဘူး။ ဒီ့ထက်ပိုပါတယ်။
CCTV ဟာ မိမိဆိုင်မှာရှိတဲ့ ဆိုင်ဝန်ထမ်းတွေ၊ ကုမ္ပဏီမှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ မိမိလုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေကို စီမံခန့်ခွဲရာမှာလဲ အများကြီးအထောက်ကူပြုပါတယ်။ ဥပမာအားဖြင့် ၀န်ထမ်းများ၏ ရုံးတက်ရုံးဆင်းအချိန်များ အချိန်မှန်ကန်မှုရှိမရှိ၊ သတ်မှတ်ထား စည်းကမ်းများ လိုက်နာမှုရှိမရှိ၊ စသည်တို့ကို အကျိုးရှိရှိ အသုံးပြုလို့ရပါတယ်။
လက်ရှိမြို့ပြ၏ မီးပွိုင့်များတွင် CCTV များကို တပ်ဆင်အသုံးပြုနေကြပါတယ်။ ထိုနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အဓိကထား အသုံးပြုကြပါတယ်။
ကျနော်ပြောပြတာကတော့ CCTV ၏ ကောင်းကျိုး အနည်းအကျဉ်းပဲရှိပါသေးတယ်။ ဒီ့ထက်မကသော  ကောင်းကျိုးများစွာလဲ ရှိပါတယ်။
##__အရင်ခေတ်မှာတော့ အမှန်တရားကို နတ်စောင့်တယ်လို့ ပြောကြတယ်။
##__အခုခေတ်မှာတော့ အမှန်တရားကို CCTV စောင့်တယ်လို့ ညွန်းဆိုရမလို ဖြစ်နေပါပြီ။
ဒါကြောင့် မိမိ၏ နေအိမ်၊ ရုံးခန်း၊ လုပ်ငန်း၊ ကုမ္ပဏီ၊ ကား၊ ကျောင်း စသည်ဖြင့် အားလုံးလုံခြုံစေဖို့ CCTV ကို တပ်ဆင်အသုံးပြုကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Like & Share လေးလဲ အားပေးခဲ့ပါအုံးဗျ။
##__Computer_Guru___##
##__Knowledge_Sharing___##
##__(20-Aug-2019)__##


Comments

Popular posts from this blog

Phishing Mail အကြောင်း

Peer to Peer Network

ICS (Internet Connection Sharing)