Peer to Peer Network
##___Peer_to_Peer_Network___##
အားလုံးမင်္ဂလာပါ…
ဒီနေ့တော့ Peer to Peer Network အကြောင်းလေးကို Knowledge Sharing ပြုလုပ်ပေးချင်ပါတယ်။
(Computer Network ကို စိတ်ဝင်စားပြီး ခုမှစလေ့လာမယ့် ညီငယ်၊ ညီမငယ်တွေ၊ မိတ်ဆွေတွေအတွက် ရည်ရွယ်ပါတယ်)
Peer to Peer Network ဆိုတာဘာလဲ?
Peer to Peer Network ဆိုတာကတော့ Server System မပါပဲ ချိတ်ဆက်တဲ့ Network ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Workgroup လို့လဲ ခေါ်ကြပါတယ်။
သူက ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင်တော့… (ဥပမာ = Computer ၂ လုံးကို Network ချိတ်လိုက်တယ်ဆိုပါစို့ Computer A ကနေ Computer B ကို လှမ်းချိတ်ရင် Computer A က Requestor ဖြစ်ပြီး၊ Computer B ကတော့ Provider ဖြစ်သွားပါတယ်။
ဒါပေမဲ့ Computer B ကလဲ Computer A ဆီကို လှမ်းချိတ်ချင်တဲ့အခါကျတော့ Computer B က Requestor ဖြစ်ပြီး၊ Computer A က Provider ဖြစ်သွားပြန်တယ်။
Peer to Peer Network ဆိုတာကတော့ အချိန်မရွေး Requestor လဲ ဖြစ်သွားနိုင်သလို Provider လဲ ဖြစ်သွားနိုင်တယ်။ Centralized Management (ဗဟိုထိန်းချုပ်မှုစနစ်)ဆိုတာ မရှိဘူး။
Centralized Management (ဗဟိုထိန်းချုပ်မှုစနစ်) မရှိတဲ့အတွက် Sercurity လဲမကောင်းသလို Computer ပေါင်း ရာချီ၊ ထောင်ချီ Network ချိတ်ဆက်လိုတဲ့အခါ ဘယ်လိုမှ အသုံးပြုလို့ အဆင်မပြေနိုင်ပါဘူး။
Peer to Peer Network ကို ဘယ်လိုနေရာတွေမှာ အသုံးများလဲဆိုရင်တော့….. (ဥပမာ = Computer အလုံးရေနဲတဲ့ မိတ္တူဆိုင်တို့၊ စာစီစာရိုက်ဆိုင်တို့၊ Computer ၃ လုံး ၄လုံးလောက်သာ ရှိတဲ့ ရုံးတွေမှာသာ အသုံးများပါတယ်။)
Computer တွေ ၁၀လုံးနှင့်အထက်လောက် အရေအတွက်များတယ်ဆိုရင်တော့ Centralized Management ပြုလုပ်လို့ရတဲ့ Server Base Network ကို အသုံးပြုသင့်တယ်လို့ အကြံပြုချင်ပါတယ်။
မိမိတို့ရဲ့ Friend တွေကိုလဲ မျှဝေချင်တယ်ဆိုရင်တော့ Invite လေး ပြုလုပ်ပေးနိုင်ပါတယ်ဗျ။ Like and Share လေးနဲ့ အားပေးခဲ့ပါအုံးဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
##___Computer_Guru___##
##___Knowledge_Sharing___##
##___(12-Aug-2019)___##

Comments
Post a Comment