IP Address Basic
##__IP_Address__##
အားလုံးမင်္ဂလာပါ….
ဒီနေ့တော့
Computer Networking မှာ မသိမဖြစ် သိထားရမယ့် IP Address အခြေခံ အကြောင်းကို Knowledge Sharing ပြုလုပ်ပေးချင်ပါတယ်။
IP
Address မှာ TCP/IP Protocols IPv4 Address နဲ့ TCP/IP Protocols IPv6 Address ဆိုပြီး
(၂)မျိုးရှိပါတယ်။
အခုပြောပြမှာကတော့
TCP/IP IPv4 Address အကြောင်းပဲ ဖြစ်ပါတယ်။
IPv4
Address မှာ IP Address Class ဆိုပြီး Class (5) ခု ရှိပါတယ်။
အဲထဲကမှ ကျနော်တို့အသုံးပြုလို့ရတာ
Class A, Class B, Class C တို့ပဲဖြစ်ပါတယ်။
Octet 1
|
Octet 2
|
Octet 3
|
Octet 4
|
192
|
168
|
1
|
1
|
Class
(A) = ရှေ့ဆုံး Octet က (၁ ကနေ ၁၂၆ အထိ) Subnet Mask 255.0.0.0
Class
(B) = ရှေ့ဆုံး Octet က (၁၂၇ ကနေ ၁၉၁ အထိ) Subnet Mask 255.255.0.0
Class
(C) = ရှေ့ဆုံး Octet က (၁၉၂ ကနေ ၂၂၃ အထိ) Subnet Mask 255.255.255.0
Class
(D) နဲ့ Class (E) လဲရှိပါတယ်။ ဒါပေမဲ့ အဲ
(၂)ခုကိုတော့ အသုံးပြုခွင့်မရှိပါဘူး။
Class A လား၊
Class B လား၊ Class C လား အလွယ်ဆုံးခွဲခြားတာကတော့ IP Address ရဲ့ ရှေ့ဆုံး Octet ကိုပဲ
ကြည့်ပါတယ်။
ဒါဆိုရင်
ဥပမာ တစ်ခု အနေနဲ့ ကြည့်ရအောင် IP address က 192.168.100.1/24 ဆိုပါတော့
ရှေ့ဆုံး
192 ကိုပဲ ကြည့်ပါတယ်။ 192 က ဘယ် Class ထဲမှာပါလဲဆိုတော့ Class C မှာပါပါတယ်။
ကိုယ်က
IP တစ်ခုပေးတော့မယ်ဆိုရင် 192 .168.0.1 လို့ ပေးလိုက်ပြီး Tab နှိုပ်လိုက်တာနဲ့ Subnet
Mask ကလဲ Auto 255.255.255.0 လို့ ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ 192 နဲ့ စထားတဲ့အတွက်
Class C မှန်း စက်က Auto သိနေတာကြောင့် Class C ရဲ့ Subnet Mask ကို Auto ပေါ်ပေးတာဖြစ်ပါတယ်။
Computer
Network ချိတ်မယ်ဆိုရင်တော့ Class A, Class B, Class C ကြိုက်တာအသုံးပြုလို့ရပါတယ်။
တစ်ခုတော့ သတိထားရပါမယ် Class A ဖြစ်စေ၊ Class B ဖြစ်စေ၊ Class C ဖြစ်စေ ရှေ့ဆုံးက
Octet (3) ခုကို တူအောင် ပေးမှသာလျှင် Network မိမှာဖြစ်ပါတယ်။
ဥပမာ။
Computer A က 192.168.0.2 လို့ပေးထားရင် Computer B ကလဲ 192.168.0 အထိတော့ တူအောင်
ပေးရပါမယ်။ ဒါဆိုရင်တော့ IP Address အခြေခံလောက်တော့ နားလည်လောက်မယ်ထင်ပါတယ်။
အားလုံးကို
ကျေးဇူးတင်ပါတယ်ဗျ။
ဆက်လက်ကြိုးစားပါအုံးမယ်။
Like & Share လေးလဲ ပြုလုပ်ပေးခဲ့ပါအုံးဗျ။
##___Computer_Guru___##
##___Knowledge_Sharing___##
##___(17-Aug-2019)___##
Comments
Post a Comment