About UEFI
##___UEFI__##
UEFI Boot အကြောင်းလေး Sharing ပြုလုပ်ပေးချင်ပါတယ်။
UEFI ကတော့ Unified Extensible Firmware Interface ဆိုတာရဲ့ အတိုကောက်ဖြစ်ပါတယ်။
အခုနောက်ပိုင်းထပ်မံထွက်ရှိလာတဲ့ Generation မြင့် Computer တွေမှာတော့ Windows တင်ရင် UEFI Boot ကိုပဲ ရွေးပြီး Windows တင်လို့ရပါတယ်။ Legacy Boot နဲ့ တင်လို့မရပါဘူး။
USB Stick နဲ့ Windows တင်မယ်ဆိုရင်လဲ USB Boot Stick ကို ဖန်တီးတဲ့အချိန်မှာ MBR (Master Boot Record) ကိုရွေးထားလို့မရပါ။
GPT (GUID Partition Table) ကို ရွေးထားမှ UEFI နဲ့ Windows တင်လို့ အဆင်ပြေမှာ ဖြစ်ပါတယ်။
ဘာကြောင့် UEFI ကိုပဲ နောက်ပိုင်းမှာ Windows တင်လို့ရလဲ ဆိုတော့ UEFI က Hard Disk Size အရမ်းများတဲ့ Hard Disk တွေကို Support ပြုလုပ်ပေးနိုင်ပါတယ်။ (Eg: 2TB ထက်ကျော်တဲ့ Hard Disk တွေကို Support ပြုလုပ်ပေးပါတယ်)
UEFI မှာက Legacy ထက်စာရင် Virus အန္တာရာယ်ကိုလဲ ပိုမိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
နောက်ပြီးတော့ UEFI Boot သည် Legacy Boot ထက်စာရင် Performance ပိုမိုကောင်းမွန်ပါတယ်။

အားလုံးပဲ ကျေးဇူးတင်ပါတယ်
Comments
Post a Comment